ဘာသာစကားမျိုးစုံဖြင့် အသုံးပြုနိုင်သော "LearnBig" ပလက်ဖောင်းကို ယူနက်စကို ဘန်ကောက် (UNESCO Bangkok)၏ "ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် မိုဘိုင်းနည်းပညာသုံး စာတတ်မြောက်ရေး" (Mobile Literacy for Out-of-School Children" အစီအစဥ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် Microsoft, True Corporation, POSCO 1% ဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ဤစီမံကိန်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများ၊ တိုင်းရင်းသားလူနည်းစုများ၊ နိုင်ငံမဲ့များနှင့် အခွင့်အလမ်းနည်းပါးသော ကလေးငယ်ပေါင်း (၅၅၀၀) ကျော်အတွက် အခြေခံစာဖတ်ခြင်းနှင့် သင်္ချာစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) နှင့် မိုဘိုင်းနည်းပညာသုံး သင်ယူမှုစနစ်များ (LearnBig app) ထည့်သွင်းထားသော တက်ဘလက်များ (tablets) ဂြိုဟ်တုရုပ်သံနှင့် အင်တာနက်ကို အသုံးပြု၍အကောင်အထည်ဖော်လျှက်ရှိပါသည်။ လက်ရှိတွင် ဆရာ၊ ဆရာမပေါင်း (၂၃၀) ကျော်သည်လည်း ဤအက်ပလီကေးရှင်းမှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိနေပြီဖြစ်ပါသည်။ "
အဓိက ထူးခြားချက်များ
  • အခွင့်အလမ်းနည်းပါးသော ကလေးငယ်များအတွက် Learn Big မှတစ်ဆင့် အခမဲ့ဖတ်ရှုနိုင်သော အီလက်ထရောနစ်စာအုပ် (E-books) နှင့် စာသားများ (E-texts)၊
  • ထိုင်းနှင့် မြန်မာဘာသာစကားများဖြင့် ရရှိနိုင်သော ပညာရေးဆိုင်ရာ အရင်းအမြစ်ပေါင်း (၇၀၀) ကျော်၊
  • စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ အစိုးရထုတ် ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင် လမ်းညွှန်စာအုပ်များ၊ လေ့ကျင့်ခန်းများနှင့် မာလ်တီမီဒီယာ အထောက်အကူပြုပစ္စည်းများကို ဒေါင်းလုဒ်ရယူနိုင်ခြင်း၊
  • စာအုပ်အားလုံးကို စာတတ်မြောက်မှုအဆင့်အတန်းအလိုက် အမျိုးအစားခွဲခြားထားခြင်း၊
အဓိက မိတ်ဖက်အဖွဲ့များ
ပံ့ပိုးသူများ