အသုံးဝင်သော လင့်ခ်များ
Literacy Cloud
Literacy Cloud သည် Room to Read မှ ပံ့ပိုးပေးထားသော ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ဤဝက်ဘ်ဆိုက်တွင် အင်္ဂလိပ်၊ ခမာနှင့် မြန်မာဘာသာစကား အပါအဝင် ဘာသာစကား ၁၀ မျိုးကျော်ဖြင့် ရရှိနိုင်သော စာအုပ်များ၊ ဗီဒီယိုများနှင့် အရင်းအမြစ်များစွာ ပါဝင်ပါသည်။ သင်ယူသူများသည် မိမိတို့နှစ်သက်ရာ အကြောင်းအရာ သို့မဟုတ် စာဖတ်စွမ်းရည် အဆင့်အလိုက် စာအုပ်များကို ရှာဖွေနိုင်ပါသည်
Visit : Literacy Cloud
CREATE Project
မြန်မာနိုင်ငံ အခြေခံပညာ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု စီမံကိန်း (CREATE Project) ကို မူလတန်းအဆင့် ကျောင်းသုံးဖတ်စာအုပ်သစ်များနှင့် ဆရာကိုင်လက်စွဲစာအုပ်များ ထုတ်ဝေရန်၊ စစ်ဆေးအကဲဖြတ်မှု စနစ်များကို ပြောင်းလဲရန်နှင့် လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင်အတွင်းရှိ ဆရာ၊ ဆရာမများအား မူလတန်းပညာရေးစနစ်သစ်နှင့် မိတ်ဆက်ပေးရန်အတွက် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။
Visit : CREATE Project
Khan Academy
Khan Academy သည် မည်သူမဆို၊ မည်သည့်နေရာတွင်မဆို အခမဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးကို သင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော 501(c)(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အပြန်အလှန် လေ့ကျင့်နိုင်သော ပုစ္ဆာများ၊ ဆောင်းပါးများနှင့် ဗီဒီယိုများသည် ကျောင်းသားများအား သင်္ချာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ သဒ္ဒါနှင့် အခြားသော ဘာသာရပ်များတွင် အောင်မြင်မှုရရှိစေရန် ကူညီပေးလျက်ရှိပါသည်။
Khan Academy သည် ဆရာ၊ ဆရာမများအတွက် ကျောင်းသားများ၏ သင်ယူမှုအခြေအနေကို စောင့်ကြည့်နိုင်သည့် အချက်အလက်များကို ပံ့ပိုးပေးသောကြောင့် လိုအပ်ချက်ရှိသော သင်ယူမှုကွက်လပ်များကို ဖော်ထုတ်နိုင်ပြီး လိုအပ်ချက်နှင့်အညီ သင်ကြားပို့ချမှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် College Board နှင့် Law School Admission Council တို့နှင့် ပူးပေါင်း၍ SAT နှင့် LSAT လေ့ကျင့်ခန်းများကိုလည်း အခမဲ့ ပေးအပ်ထားပါသည်။ ကျွန်ုပ်တို့၏ သင်ယူမှုအရင်းအမြစ်များကို ဘာသာစကားပေါင်း များစွာဖြင့် ပြန်ဆိုထားပြီး ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁၅ သန်းခန့်သည် လစဉ် Khan Academy မှတစ်ဆင့် သင်ယူလျက်ရှိပါသည်။
Visit : Khan Academy
Cha-Ching Youtube Channel
Cha-Ching သည် အာရှတစ်လွှားရှိ ကလေးငယ်များအား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ပြီး ဆုတံဆိပ်များစွာ ရရှိထားသော အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ယခုအခါ ဤအစီအစဉ်အား ယူကေ (UK) နိုင်ငံတွင်လည်း အသုံးပြုနိုင်ရန် ဖော်ဆောင်ထားပါသည်။ ဤဘက်စုံသုံး ငွေကြေးဆိုင်ရာ ပညာပေးအရင်းအမြစ်သည် မူလတန်းအဆင့် ကျောင်းသားများအား ငွေကြေးနှင့်ပတ်သက်၍ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လိုအပ်သည့် ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် စိတ်နေသဘောထားများ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ ဤအစီအစဥ်ကို တေးဂီတ ဗီဒီယိုများဖြင့် ပုံဖော်ထားပြီး၊ ဆရာများနှင့် မိသားစုဇာတ်လမ်းများနှင့် ပုံဖော်ထားပါသည်။ ၎င်းတွင် (၃) မိနစ်စာ တေးဂီတ ဗီဒီယို (၁၆) ပုဒ်ပါဝင်ပြီး၊ Cha-Ching ဟုခေါ်သည့် တေးဂီတအဖွဲ့အား ဖွဲ့စည်းလိုက်သည့် အဓိက ဇာတ်ကောင် ၆ ကောင်ဖြစ်သည့် (Pepper, Zul, Charity, Justin, Prudence နှင့် Bobby) တို့ဖြင့် အခြေတည်ထားပါသည်။ မူလက ကျောင်နေဖက်သူငယ်ချင်းများဖြစ်ကြသော၎င်းဇာတ်ကောင်များသည် ၎င်းတို့၏ တေးဂီတအဖွဲ့ဝင်အဖြစ် တာဝန်ယူမှုများနှင့် နေ့စဥ်ဘဝ ဖြတ်သန်းမှုများမှတစ်ဆင့် ငွေကြေးဆိုင်ရာ အခြေအနေများကို ကြုံတွေ့ရလေ့ရှိပြီး၊ ငွေရှာခြင်း (Earn)၊ စုဆောင်းခြင်း (Save)၊ သုံးစွဲခြင်း (Spend) နှင့် လှူဒါန်းခြင်း (Donate) အစရှိသော အခြေခံ ငွေကြေးစီမံခန့်ခွဲမှု သဘောတရားများကို သင်ယူနိုင်ရန် ဖော်ပြပေးထားပါသည်။
Visit : Cha-Ching Youtube Channel
DLIT Resources
DLIT ရင်းမြစ်များသည် သင်ကြား/ယူမှု အထောက်အကူပြု ပစ္စည်းများအား အထောက်အပံ့ပေးပါသည်။
Visit : DLIT Resources
DLIT Classroom
DLIT Classroom သည် နိုင်ငံတစ်ဝှမ်းရှိ စံပြဆရာများနှင့် ဦးဆောင်ကျောင်းများမှဖော်ဆောင်ထားသော အရည်အသွေးရှိသော စာသင်ခန်းဖြစ်ပြီး၊ အရည်အသွေးမြင့်မားသော သင်ကြားမှုများကို လူတိုင်းတန်းတူညီမျှ ရရှိစေရန် ပံ့ပိုးပေးပါသည်။
Visit : DLIT Classroom
Distance Learning Information Technology (DLIT)
DLIT သည် ပညာရေးအရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသုံးပြုသည့် ပညာရေးဆိုင်ရာ သင်ကြားသင်ယူမှု နည်းပညာများနှင့် ကိရိယာများ ဖြစ်ပါသည်။
Visit : Distance Learning Information Technology (DLIT)
True Click Life
True Click Life သည် အဆင့်မြင့်နည်းပညာများဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနေသော True Corporation Public Company Limited ၏ ပညာရေးဆိုင်ရာ အကြောင်းအရာများ ဖော်ဆောင်ရေးဌာန ဖြစ်ပါသည်။
Visit : True Click Life
TruePlookpanya Channel
TruePlookpanya Channel သည် ဆရာများနှင့် ကျောင်းသား/သူများအတွက် ပညာရေးနှင့် သက်ဆိုင်သော ဗဟုသုတများကို ပံ့ပိုးပေးနေသော အွန်လိုင်း ဗီဒီယိုချန်နယ်တစ်ခု ဖြစ်ပါသည်။
Visit : TruePlookpanya Channel
LearnBig Channel
ဘာသာစကားမျိုးစုံဖြင့် အသုံးပြုနိုင်သော "LearnBig" ပလက်ဖောင်းကို ယူနက်စကို ဘန်ကောက် (UNESCO Bangkok)၏ "ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် မိုဘိုင်းနည်းပညာသုံး စာတတ်မြောက်ရေး" (Mobile Literacy for Out-of-School Children" အစီအစဥ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် Microsoft, True Corporation, POSCO 1% ဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
Visit : LearnBig Channel
Flexible Learning Strategies (FLS)
Flexible Learning Strategies (FLS) ဆိုသည်မှာ ပြောင်းလွယ်ပြင်လွယ်ရှိသော၊ စနစ်တကျရှိသော နှင့် အခွင့်အရေးကို အခြေခံသော ကြားဝင်ဆောင်ရွက်မှုများအတွက် အသုံးပြုသည့် စုပေါင်းအသုံးအနှုန်း ဖြစ်ပါသည်။ ၎င်းတို့သည် ရှေးရိုးစွဲပညာရေးစနစ်များတွင် လျစ်လျူရှုခံရလေ့ရှိသော အခြေအနေနှင့် လိုအပ်ချက်များကို အသိအမှတ်ပြုခြင်းဖြင့် ကျောင်းပြင်ပရောက်ကလေးငယ်များ (OOSC) ၏ အခြေအနေအရပ်ရပ်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပါသည်။
Visit : Flexible Learning Strategies (FLS)
(English) UNESCO Bangkok
ယူနက်စကို ဘန်ကောက် (UNESCO Bangkok) သည် ထိုင်း၊ မြန်မာ၊ လာအိုနှင့် စင်ကာပူ စသည့် မဲခေါင်ဒေသ ၆ နိုင်ငံအတွက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ပညာရေးဌာနနှင့် အစုအဖွဲ့ရုံး ဖြစ်ပါသည်။ ၎င်းသည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံရှိ ယူနက်စကိုရုံးများနှင့်လည်း ပူးပေါင်းဆောင်ရွက်ပြီး ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းလမ်းများမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးလျက်ရှိပါသည်။
Visit : (English) UNESCO Bangkok
TruePlookpanya
TruePlookpanya Channel သည် ဆရာများနှင့် ကျောင်းသား/သူများအတွက် ပညာရေးနှင့် သက်ဆိုင်သော ဗဟုသုတများကို ပံ့ပိုးပေးနေသော အွန်လိုင်း ဗီဒီယိုချန်နယ်တစ်ခု ဖြစ်ပါသည်။
Visit : TruePlookpanya
