Related Project Materials စီမံကိန်းနှင့် ဆက်စပ်သော အထောက်အကူပြု လမ်းညွှန်များနှင့် လက်ကမ်းစာစောင်များ၊
ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် မိုဘိုင်းနည်းပညာဖြင့် စာတတ်မြောက်ရေး စီမံကိန်းနှင့် LearnBig အက်ပလီကေးရှင်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဤနေရာတွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်-
Vecteezy.com
LearnBig အက်ပလီကေးရှင်း မိတ်ဆက်
"LearnBig" ဟုခေါ်သော ဘာသာစကားမျိုးစုံသုံး ပလက်ဖောင်းကို Microsoft၊ True Corporation နှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုဖြင့် ယူနက်စကို ဘန်ကောက် (UNESCO Bangkok) ၏ “ကျောင်းပြင်ပရောက်ကလေးငယ်များအတွက် မိုဘိုင်းနည်းပညာဖြင့် စာတတ်မြောက်ရေး” စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါသည်။
ကျောင်းပြင်ပရောက်ဘဝမှ ထူးချွန်ကျောင်းသားဆီသို့ - သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT)ဖြင့် ရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးအတားအဆီးများကို ကျော်လွှားခြင်း။
အသက် (၁၃) နှစ် အရွယ်ရှိ ချစ်ကို အမည်ရသော မြန်မာရွှေ့ပြောင်းကလေးငယ်တစ်ဦးသည် လွန်ခဲ့သော နှစ်နှစ်ခန့်က အရှေ့တောင် အာရှရှိ သန်းနှင့်ချီသော ကျောင်းပြင်ပရောက် ကလေးငယ်များထဲမှ တစ်ဦးဖြစ်လုနီးပါး အခြေအနေသို့ရောက်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အခြေချစဥ် ၎င်း၏မိဘများသည် စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်ခဲ့ရသဖြင့်၊ ချစ်ကိုအား ကျောင်းထုတ်ကာ အလုပ်ခွင်ထဲသို့ သွင်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမိဘမဲ့ကလေးငယ်များ၏ နွေးထွေးသောအိမ်နှင့် မျှော်လင့်ချက်
ရွှေ့ပြောင်းမိဘမဲ့ကလေးငယ်များအတွက် နွေးထွေးလုံခြုံတဲ့ဂေဟာနှင့် မျှော်လင့်ချက် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဇနီးမောင်နှံနှစ်ဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စွန့်ပစ်ခံရသူများနှင့် မိဘမဲ့ကလေးငယ်များ (အများစုမှာ ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြသည်) အတွက် ၎င်းတို့၏ မေတ္တာဂရုဏာဖြင့် အိမ်ဂေဟာတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ယူနက်စကို ဘန်ကောက် အဖွဲ့သည် မကြာသေးမီက ထိုမိဘမဲ့ဂေဟာသို့ သွားရောက်ကြည့်ရှုခဲ့ရာ ပညာရေးမှတစ်ဆင့် ရရှိလာသော ကလေးငယ်များ၏ ပျော်ရွှင်ကြည်နူးဖွယ် အပြုံးများ၊ တေးသံများနှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များကို တွေ့ရှိခဲ့ရပါသည်။
ယူနက်စကို - “ကျောင်းပြင်ပရောက်ကလေးငယ်များအတွက် မိုဘိုင်းနည်းပညာဖြင့် စာတတ်မြောက်ရေး”
"LearnBig" ဟုခေါ်သော ဘာသာစကားမျိုးစုံသုံး ပလက်ဖောင်းကို Microsoft၊ True Corporation နှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုဖြင့် ယူနက်စကို ဘန်ကောက် (UNESCO Bangkok) ၏ “ကျောင်းပြင်ပရောက်ကလေးငယ်များအတွက် မိုဘိုင်းနည်းပညာဖြင့် စာတတ်မြောက်ရေး” စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါသည်။
အသုံးဝင်သော လင့်ခ်များ
အခြားအသုံးဝင်သော အရင်းအမြစ်များအတွက် အောက်ဖော်ပြပါ ဝဘ်ဆိုဒ်များကို ဝင်ရောက်လေ့လာပါ။
- UNESCO Bangkok
- Flexible Learning Strategies for Out-of-School Children and Youth
- LearnBig Channel
- TruePlookpanya
- TruePlookpanya Channel
- True Click Life
- Distance Learning Information Technology
- DLIT Classroom
- DLIT Resources
- CHA-CHING Youtube Channel
- CHA-CHING Website
- Khan Academy
- Khan Academy (Thai language)
Vecteezy.com
