ထိုင်းဘာသာစကား သင်ခန်းစာ

ထိုင်းဘာသာစကား သင်ခန်းစာများ ရွှေ့ပြောင်းပညာသင်ကြားရေးစင်တာများရှိ ကလေးများနှင့် လူငယ်များအတွက် ထိုင်းဘာသာစကား သင်ရိုးညွှန်းတမ်း


သင်တန်းမိတ်ဆက်

ဤထိုင်းဘာသာစကားသင်တန်းကို ဂျပန်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့်၊ ဘန်ကောက်ရှိ UNESCO ဒေသဆိုင်ရာရုံးနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNESCO Bangkok) တို့၏ ရွှေ့ပြောင်းကလေးငယ်များ စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်း အောက်တွင် Tak Community College မှ ရေးဆွဲပြုစုထားခြင်း ဖြစ်ပါသည်။

ဤသင်တန်းကို Tak Community College ၏ ထိုင်းဘာသာစကားစွမ်းရည်နှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း မှ မှီငြမ်းပြုစုထားခြင်း ဖြစ်ပြီး၊ နေ့စဉ်ဘဝတွင် ဆက်သွယ်ပြောဆိုရန်အတွက် ထိုင်းဘာသာစကား စွမ်းရည်များကို အသုံးပြုလိုသော သင်ယူလေ့လာသူများအတွက် သင်ကြားသင်ယူမှု လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ရည်ရွယ်ထားပါသည်။


ရည်ရွယ်ချက်များ

  • သင်ယူလေ့လာသူများအနေဖြင့် ဗီဒီယိုဖိုင်အတိုများမှတဆင့် ထိုင်းဘာသာစကား၏ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ ဖတ်ရှုခြင်းနှင့် ရေးသားခြင်း စွမ်းရည်များကို အဓိကထား၍ လေ့လာနိုင်စေရန်၊ ထိုစွမ်းရည်များကို နေ့စဉ်ဘဝတွင် လိုအပ်သော ဘာသာစကား အသုံးချမှုများအတွက် အသုံးပြုနိုင်စေရန် နှင့် ဆက်လက်လေ့လာသင်ယူမှုအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။
  • သင်ယူလေ့လာသူများအနေဖြင့် သင်ယူမှုဆိုင်ရာ အရင်းအမြစ်များကို အသုံးပြုပြီး မိမိတို့၏ ကိုယ်ပိုင် အရှိန်အဟုန်အတိုင်း ထိုင်းဘာသာစကား စွမ်းရည်များကို လွတ်လပ်စွာ လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်ပါသည်။
  • ဆရာ၊ ဆရာမများအနေဖြင့် ဤသင်ရိုးကို မိမိတို့၏ သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်များတွင် အထောက်အကူပြု အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

သင်ခန်းစာ ဖွဲ့စည်းပုံ

ဤထိုင်းဘာသာစကားသင်တန်းသည် စုစုပေါင်းကြာမြင့်ချိန် နာရီပေါင်း (၁၆၀) နာရီ ရှိပြီး၊ ယူနစ် (၂) ခု ခွဲခြားထားပါသည်။

  • ယူနစ် (၁) – ထိုင်းစာဖတ်ရှုခြင်းနှင့် ရေးသားခြင်း (၇၀ နာရီ)
  • ယူနစ် (၂) – ဆက်သွယ်ပြောဆိုမှုအတွက် အခြေခံထိုင်းဘာသာစကား (၉၀ နာရီ)

မည်သူများအတွက် ရည်ရွယ်ပါသနည်း။

ဤသင်တန်းသည် ရွှေ့ပြောင်းပညာသင်ကြားရေးစင်တာများ (Migrant Learning Centres – MLCs) တွင် သင်ယူလေ့လာနေသော ကလေးငယ်များနှင့် လူငယ်များ အတွက်သာမက ထိုင်းဘာသာစကားကို စတင်လေ့လာလိုသူ သင်ယူလေ့လာသူများ အတွက်ပါ ရည်ရွယ်ထားပါသည်။

သင်ကြားပို့ချရာတွင် အသုံးပြုမည့် ဘာသာစကားများ

ထိုင်းဘာသာစကား နှင့် မြန်မာဘာသာစကား

စာရွက်စာတမ်းများ


Thai Lessons – Unit 1
ယူနစ် (၁)

Thai Lessons – Unit 2
ယူနစ် (၂)

လေ့ကျင့်ခန်းများ